Myanmar Shwe Pyone အင်တာနက်ဝန်ဆောင်မှုစစ်ဆေးခြင်း

Powered by Drupal

      (၂၁.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၉း၃၀) အချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်၊ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်း များသည် ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန် ဆောင်မှု၊  (အင်တာနက်) ဝန်ဆောင်မှုဆိုင်ရာကဏ္ဍအား အမှတ်(၇)၊ B1 ၊ (၁၄၅)လမ်း၊ အရိုးကုန်း ရပ်ကွက်၊တာမွေမြို့နယ်တွင်ဖွင့်လှစ်ထားသော“Myanmar Shwe Pyoneအင်တာနက်ဝန်ဆောင် မှုလုပ်ငန်း”အားတွေ့ဆုံပြီး ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍာနှင့်စပ်လျဉ်း၍ စစ်ဆေးခဲ့ရာတွင် အင်တာနက်ဝန်ဆောင်မှုအပါအဝင် ဆက်သွယ်ရေးကဏ္ဍာစုံအားစစ်ဆေးခြင်း၊ Wifi Internet လုပ်ငန်းများအဆင်ပြေချောမွေ့မှုရှိစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုမရှိစေရန်အတွက် သိသင့်သိထိုက်သည့်အချက်အလက်များအား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)