မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    (၁၆.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၂:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊  အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆီလက်ကားကိုယ်စာလှယ်၊ ဈေးစည်ပင်သာယာရေး ကော်မတီတို့နှင့်အတူ တာမွေမြို့နယ်၊ ပျားရည်ကုန်းရက်ကွက်ရှိ စားအုန်းဆီ လက်လီ/လက်ကား အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီ လက်လီ/လက်ကား ကိုယ်စားလှယ်များအနေ ဖြင့်ခွဲတမ်းရရှိထားသော စားအုန်းဆီများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တ ကျဖြန့်ဖြူးရောင်းချရန်နှင့် စားအုန်းဆီလက်လီ/လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင် များအနေဖြင့် စားသုံးသူများမြင်သာထင်သာရှိသောနေရာတွင် ဆိုင်းဘုတ်တင်ရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် (၂%)အမြတ်တင်ရောင်းချနေမှု ရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။

DOCA (ရန်ကုန်)