လာမည့် ၄ လအတွင်းတွင်အမေရိကန်ဒေါ်လာ ၉.၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း တိုးမြှင့်တော့မည့် ထိုင်းနိုင်ငံ

Powered by Drupal

           ထိုင်းနိုင်ငံအစိုးရသည် စီးပွားရေးတိုးတက်မှု နှေးကွေးမှုကို ပြန်လည်အသက်သွင်းရန် အတွက် ထိုင်းနိုင်ငံမှရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့သည် အမေရိကန်ဒေါ်လာ ၉.၂ ဘီလီယံခန့် တန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို လာမည့် ၄ လအတွင်း အရှိအဟုန် တိုးမြှင့်တော့မည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၇ ရက်နေ့တွင် အေဂျင်စီအကြီးအကဲ၏ ပြောကြားချက်အရ သိရပါသည်။  အေဂျင်စီသည် ဒေတာစင်တာများ၊ လျှပ်စစ်နှင့်စွမ်းအင် ထုတ်လုပ်ရေးတို့ အဓိက ပါဝင်သော စီမံကိန်း ၇၀ ခုကို အထောက်အပံ့ပြုရန်အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဥ်းများကို အဆင်ပြေ စေအောင် ဖြေလျော့မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘုတ်အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူး ဆိုသူ Narit Therdsteerasukdi က‌ ပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှု တွန်းအားပေးခြင်းသည် အမေရိကန်နိုင်ငံ၏ အခွန်တိုးမြှင့်ကောက်ခံခြင်းကြောင့် အကြပ်ရိုက်ခဲ့သည့် အရှေ့တောင်အာရှ၏ ဒုတိယအကြီးမားဆုံးစီးပွားရေးကို အရှိန်အဟုန် မြှင့်တင်ရန်အတွက် ထိုင်းအစိုးရ၏ အစီအစဥ်များ ထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံ အစိုးရက ပြည်တွင်းခရီးသွား လာခြင်းကို မြှင့်တင်ရန်အတွက် မက်လုံးများကို စတင်မိတ်ဆက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)