
ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်သောပူးပေါင်းအဖွဲ့သည် ၂၁-၁၀-၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်း သွားရေယာဉ်များဆိုက်ကပ်သည့် ယုဇနဆိပ်ကမ်းဆိပ်ကမ်းတွင် ဆိုက်ကပ်လျက်ရှိသော သင်္ဘောရေ ယာဉ်များအား အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)၊ အကောက် ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ သာကေတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့်ပူးပေါင်းအဖွဲ့များနှင့်အတူ ပူးပေါင်း၍ ရေယာဉ်များတွင် တင်ဆောင်ထားသောကုန်စည်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာလက် နက်ခဲယမ်းများ၊ တရားမဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်းရှိ/မရှိနှင့် ပို့ကုန်/သွင်းကုန်လိုင်စင်ဖြင့် တရားဝင်တင်သွင်ထားခြင်းရှိ/မရှိ တို့ကို အဖွဲ့စုံဖြင့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
