ဧပြီလမှ စက်တင်ဘာလအထိ မြန်မာ့ ကုလားပဲစိမ်း တင်ပို့မှု၏ ၆၈ ရာခိုင်နှုန်းကျော်အား တရုတ်နိုင်ငံသို့တင်ပို့ခဲ့

Powered by Drupal

          ၂၀၂၅-၂၆ ဘဏ္ဍာနှစ် ပထမခြောက်လ (ဧပြီမှ စက်တင်ဘာလ) အတွင်း မြန်မာနိုင်ငံမှ ပဲစိမ်း တင်ပို့မှု၏ ၆၈ ရာခိုင်နှုန်းကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပဲ၊ ပြောင်းနှင့် နှမ်းစေ့ကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမှ ကုလားပဲနက်၊ ကုလားပဲစိမ်းနဲ့ ပဲစင်းငုံတို့အား အဓိက တင်ပို့လျှက်ရှိပြီး ၎င်းတို့အနက် ကုလားပဲစိမ်း သည် မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံး စိုက်ပျိုးသည့် ပဲတစ်မျိုးဖြစ်ပြီး တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေ ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။ ပို့ကုန်ရငွေများ တိုးမြင့်လာစေရန် မြန်မာ့ပဲနှင့် ပဲမျိုးစုံ အရည်အသွေးမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပဲနှင့် ပဲမျိုးစုံသည် မြန်မာနိုင်ငံတွင် စပါးပြီးလျှင် ဒုတိယအများဆုံးထွက်ရှိသော သီးနှံဖြစ်ပြီး စုစုပေါင်း စိုက်ပျိုးရေး ထွက်ကုန်၏ ၃၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံ တန်ချိန် ၁.၈၃ သန်း တင်ပို့ရန် ရည်မှန်းထားပြီး ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၁.၄၈ ဘီလီယံ မျှော်မှန်းထားကြောင်း သိရသည်။

DOCA(ရန်ကုန်)