“ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားလာသည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ သန်လျင်မြို့နယ်မှ ဒုတိယခရိုင်မှူး နှင့်ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊အောက်တိုဘာလ(၁၈)ရက်နေ့၊ နေ့လယ်  (၁၄:၀၀)နာရီ အချိန်တွင် Online Sale မှတ်ပုံတင်လက်မှတ် လျှောက်ထားသည့် Star City CL 10, 418, မြို့ဟောင်းအရှေ့ရပ်ကွက်ရှိ FRANKIE & CO.BABY BOUTIQUE လုပ်ငန်းနှင့် အိမ်အမှတ်(၈)၊ ဇီးကုန်း(ခ)လမ်းမကြီး၊ မြို့ဟောင်းအရှေ့ရပ်ကွက်ရှိ MT Beauty Product လုပ်ငန်းများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် စစ်ဆေးရေးမှူးက Online Sale လုပ်ငန်းဆောင်ရွက်နေ သည့် ပိုင်ရှင်များနှင့် တွေ့ဆုံကာ Online Sale မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က အချက် အလက်များနှင့် ယခုလက်ရှိမြေပြင်တွင်ရှိသည့် အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးသည့် အချက်(၁၈)ချက် ပြည့်စုံမှန်ကန်မှသာလျှင် Online Sale မှတ်ပုံတင်လက်မှတ် ထုတ်ပေးဖြစ်ရာ အဆိုပါ အချက်အလက်များ ပြည့်စုံရန် လိုအပ်ကြောင်း၊ Online Sale လုပ်ငန်းအမျိုးအစားအလိုက် မှတ်ပုံတင်ကြေးနှုန်းထားများနှင့် မှတ်ပုံတင်လက်မှတ် ရယူခြင်းမရှိဘဲ လုပ်ငန်းဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိပါက လုပ်ငန်းတာဝန်များအလိုက် တရားစွဲဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာ ပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

DOCA(ရန်ကုန်)