
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အမှတ် (၇၉၁)၊ ဦးရွှေဘင်လမ်း၊ စက်မှုဇုန်(၁)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ဝင်းဝင်းစက်ရုံသို့ (၂၂.၁၀.၂၀၂၅) ရက်နေ့ နေ့လည်(၂:၁၅)နာရီအချိန်တွင်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီစောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဦးခင်ဇော်အောင်၊ လက်ထောက်အုပ်ချုပ်ရေးမှူးမှ ပူးပေါင်းပါဝင်လျက် ရောင်းချလျက်ရှိသော ဝင်းဝင်းဖယောင်း တိုင်၊ အမွှေးတိုင်တို့ဖြစ်ပြီး ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း (၁၈)တွင်ပြဌာန်းထားသောကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့်ကိုက်ညီ မှုရှိခြင်း၊ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထောက်ခံချက်များလည်း ပါဝင်ကြောင်း စစ်ဆေးတွေ့ ရှိရပြီး လုပ်ငန်း ရှင်ကိုလည်း စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့်တာဝန်များကိုလည်း ပြောကြားခဲ့ကြောင်း သိရှိရ ပါသည်။
DOCA (ရန်ကုန်)
