
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် မြို့မဈေးအတွင်းရှိ စားအုန်းဆီအရောင်းဆိုင်သို့ (၂၂.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရုံ(၂)၊ အခန်း(၈)ရှိ ဦးဝင်းအောင်စားအုန်းဆီလက်လီအရောင်း ဆိုင် သို့ ရောက်ရှိခဲ့ရာ မိမိရရှိသော ခွဲတမ်းကို စာအုပ်စနစ်ဖြင့် တစ်ပတ်လျှင် (၅၀)ကျပ်သား နှုန်းဖြင့် (၁)လ လျှင် (၂)ပိဿာပေးပါကြောင်း၊ ရပ်ကွက်အလိုက် နေ့စဉ်ထုတ်ပေးလျက်ရှိပြီး ထုတ်ရန်ကျန်သော စာအုပ်များကိုလည်း ပြန်လည်ထုတ်ပေးပါကြောင်း၊ စနစ်တကျရောင်းချ ပေးပြီး လက်ကျန်လည်း မထားရှိပါကြောင်း၊ မိမိတို့ဌာနမှလည်း သိုလှောင်ထားမှုရှိခဲ့လျှင် စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။
DOCA (ရန်ကုန်)
