
၂၀၂၅ ခုနှစ်၏ ပထမ ၉ လတာ ကလတွင် ဗီယက်နမ်၏ ရေထွက်ကုန်တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၈.၃ ဘီလီယံတန်ဖိုးရှိခဲ့ပြီး ယခုတစ်နှစ်လုံးအတွက် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီ ယံထိ ရောက်ရှိရန်ခန့်မှန်းကြောင်း ဗီယက်နမ်ပင်လယ်စာ တင်ပို့သူများနှင့် ထုတ်လုပ်သူများ အသင်း (VASEP) ၏ အဆိုအရ သိရပါသည်။ Can Tho ၊ Ca Mau နှင့် Ah Giang အစရှိသည့် မဲခေါင် ဒေသပြည်နယ်များသည် နည်းပညာမြင့်နှင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုတို့ကို အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိသောကြောင့် ထိုသို့ အောင်မြင်မှုရရှိခြင်းတွင် အဓိက အခန်းကဏ္ဍက ရပ်တည်နေကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ နောက်ဆုံးလများတွင် မဲခေါင်ဒယ်တာသည် ရေထွက်ကုန်တင်ပို့မှုနှင့် ထုတ်လုပ်မှုသို့ အသွင်ကူးပြောင်းမှုအားကောင်းခဲ့ကြောင်း သိရပါသည်။ Can Tho မြို့တော်တွင် ဒေသအာဏာပိုင်များသည် ရေလုပ်ငန်းကဏ္ဍအား အဓိကစီးပွားရေးကဏ္ဍအဖြစ် သတ်မှတ်ထား ပြီး Water brackish ပုဇွန်သည် မြို့တော်၏ ပို့ကုန်ဝင်ငွေရရှိမှုတွင် သိသာထင်ရှားစွာ ပါဝင် နေကြာင်း သိရပါသည်။ မြူနီစပယ်စိုက်ပျိုးမွေးမြူရေးနှင့်သဘာဝပတ်ဝန်းကျင်ဦးစီးဌာန၏ အဆိုအရ ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ brackish water ပုဇွန်ထုတ်လုပ်မှုမှာ တန်ချိန် ၉၀၀၀၀ မှ ၂၃၃၀၀၀ ထိ နှစ်စဉ်ပျမ်းမျှ ၁၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် မြို့တော်သည် ပုဇွန် ၂၂၉၇၀၀ တန် ထုတ်လုပ်ရန် ရည်မှန်းထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ဘီလီယံကျော် ရရှိရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ Ca Mau ပြည်နယ်သည်လည်း ဟတ်တာ ၄၂၇၀၀၀ ဖြင့် နိုင်ငံ၏ အကြီးမားဆုံး ပုဇွန်မွေးမြူသည့် ဧရိယာဖြစ်လာကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် ၎င်း ပြည်နယ်သည် ရေထွက်ကုန်တင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၄၇ ဘီလီယံ ရရှိကာ ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇% မြင့်တက်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ထိုအောင်မြင်မှုရရှိရန် Ca Mau ပြည်နယ်သည် နိုင်ငံတကာစံနှုန်းမီသော မွေးမြူသည့် ဧရိယာများတည်ထောင်ခြင်း၊ အော်ဂဲနစ်၊ ဂေဟစနစ်နှင့်ကိုက်ညီသော နည်းပညာဖြင့် ပုဇွန်မွေးမြူမှု မော်ဒယ်များသို့ တိုးချဲ့ရန် စီစဉ်နေ ကြောင်း သိရပါသည်။ ပုဇွန်အပြင် Ca Mau ပြည်နယ်သည် ဂဏန်းမွေးမြူရေးတွင်လည်း သိသာ ထင်ရှားစွာ တိုးတက်လျှက်ရှိကြောင်း သိရပါသည်။ ၎င်းတို့သည် လတ်တလောတွင် ဂဏန်းမွေးမြူ သည့် ဧရိယာ ၂၆၀၀၀၀ ဟတ်တာရှိပြီး နှစ်စဉ်တန်ချိန် ၃၁၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း သိရပါ သည်။ VASEP ၏ အထွေထွေအတွင်းရေးမှူး Nguyen Goai Nam က ဗီယက်နမ်ရေထွက်ကုန် လုပ်ငန်းကဏ္ဍသည် ထောက်ပံ့မှုကွင်းဆက်ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု၊ ကုန်ကြမ်းပစ္စည်း အရင်းအမြစ်များ ထိန်းချုပ်မှုနှင့်အဓိကဈေးကွက်များနှင့်ယုံကြည်မှုတည်ဆောက်ရန် အတွက်ပွင့်လင်းမြင်သာမှုရှိရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
DOCA (ရန်ကုန်)
