
ထိုင်းကတ်ဘိနက်သည် နိုင်ငံ၏ GDP ကြီးထွားနှုန်းကို ၀.၃ ရာခိုင်နှုန်းမြှင့်တင်ပေးနိုင်ရန် မျှော်မှန်းရသည့် ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံပိုင်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုဘတ်ဂျက် ဘတ် ၁.၆ ထရီလီယံကို ခွင့်ပြုခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ် Siripong Ang Kasakulkiat ၏ အဆိုအရ သိရပါသည်။ နိုင်ငံတော်စီးပွားရေးနှင့်လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ (NESDC) က ထိုရင်းနှီးမြှုပ်နှံမှုငွေ သုံးစွဲခြင်းသည် ထိုင်းနိုင်ငံ၏ စီးပွားရေးကြီးထွားနှုန်းကို ၀.၃ ရာခိုင်နှုန်း မြှင့်တင်ရန် လှုံ့ဆော်ပေးနိုင်မည်ဟု ခန့်မှန်းခဲ့ပါသည်။ ဩဂုတ်လတွင် အစိုးရစီမံကိန်းအဖွဲ့ က ယခုနှစ်အတွက် ထိုင်း GDP ကြီးထွားနှုန်းကို ယခင်ခန့်မှန်းထားသည့် ၁.၈ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း သို့ တိုးမြှင့်ခန့်မှန်းခဲ့ကြောင်း သိရပါသည်။ NESDC သည် အမေရိကန်ထံမှ အကောက်ခွန်နှုန်းထား များ ပိုမိုရှင်းလင်းလာခြင်းကို ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍအတွက် အကျိုးရှိကြောင်း မှတ်ချက်ပြုခဲ့ပါ သည်။ ထိုင်းနိုင်ငံသည် ဒေသတွင်း ပျမ်းမျှနှုန်းထားနှင့် နီးစပ်သည့် ၁၉ ရာခိုင်နှုန်း အကောက်ခွန် နှုန်းထားချမှတ်ခြင်းခံထားရကြောင်း သိရပါသည်။ ယခုနှစ်အတွက် အမေရိကန်ဒေါ်လာဖြင့် တင်ပို့မှုမှာ ၅.၅ ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ထိုင်းတင်ပို့မှုနာလံထူလာမှု သည် ကုန်ထုတ်လုပ်မှုနှင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကိုပါ လှုံ့ဆော်ပေးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ယခုနှစ်အတွက် ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုမှာ ယခင်ခန့်မှန်းထားသည့် ၀.၇ ရာခိုင် နှုန်းကျုံခြင်းမှ ၁ ရာခိုင်နှုန်းမြင့်တက်နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရပါသည်။ ထို့ပြင် Mr Siripong က ကတ်ဘိနက်သည် အများပြည်သူဝန်ဆောင်မှုကို နှောင့်နှေးစေသည့် စည်းမျဉ်းများမှ ဝယ်ယူသူဗဟိုပြုမော်ဒယ်သို့ အသွင်ကူးပြောင်းမည့်စည်းမျဉ်းများ တိုးတက်လာစေရန်အတွက် နိုင်ငံ ပိုင်လုပ်ငန်းအားလုံးကို ညွှန်ကြားရန် နိုင်ငံပိုင်လုပ်ငန်းများမူဝါဒကော်မတီကို ကက်ဘိနက်က တာဝန်ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ကက်ဘိနက်သည် ၂၀၂၇ ခုနှစ် ဘဏ္ဍာနှစ်အတွက် မူဝါဒမူဘောင်ကိုလည်း ခွင့်ပြုခဲ့ပြီး ဝန်ကြီးချုပ် Anutin Charnvirakul က မူဝါဒ ညွှန်ကြားချက်ကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကြေညာရန် စီစဉ်ထားကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
