
အင်ဒိုနီးရှားသမ္မတ Prabowo Subianto က သဘာဝသယံဇာတကဏ္ဍတွင် တရားမဝင် တူးဖော်မှု၊ မှောင်ခိုလုပ်ငန်းနှင့် အခြားသော မသမာမှုများကြောင့် နှစ်စဉ် ရူပီယာ ထရီလီယံ ဆယ် ဂဏန်းအထိ ဆုံးရှုံးကြောင်း အောက်တို ဘာလ ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ စားအုန်းဆီစိမ်း နှင့် ပတ်သက်၍ ပျက်ခြစားမှုမှ နိုင်ငံတော် ဆုံးရှုံးမှုအတွက် ရူပီယာ ၁၃.၂၅ ထရီလီယံ (အမေရိကန် ဒေါ်လာ သန်း ၈၁၀ ခန့်) ပြန်လည်ရရှိရေး အထိမ်းအမှတ်အခမ်းအနားတွင် Prabowo က အဂတိ လိုက်စားမှုကို တိုက်ဖျက်ရန်နှင့် နိုင်ငံတော် ဘဏ္ဍာရေး ပြန်လည်ထူထောင်ရေးတွင် ရှေ့နေချုပ် ရုံးအား ချီးကျူးဂုဏ်ပြုခဲ့သည်။ Bangka Belitung မှ ခဲဖြူများ မှောင်ခို တင်သွင်းမှုကို ရပ်တန့်ရန် မကြာသေးမီက လုပ်ဆောင်မှုများသည် နှစ်စဉ် ရူပီယာ ၄၀ ထရီလျံခန့်အထိ ဆုံးရှုံးမှုကို ထုတ်ဖော် ပြသခဲ့ပြီး ဆယ်စုနှစ် နှစ်ခုနီးပါး ဆက်လက်တည်မြဲ နေခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။ ပြည်သူ လူထု၏ အကျိုးစီးပွားကို ထိခိုက်စေသော မည်သည့်ပါတီ ကိုမဆို အစိုးရအနေဖြင့် ပြတ်ပြတ် သားသား အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုသည်။ အင်ဒိုနီးရှားနိုင်ငံ၏ ကြီးမား ကျယ်ပြန့်သော သဘာဝသယံဇာတများကို ကာကွယ်ရာတွင် ကဏ္ဍအားလုံးမှ စည်းလုံး ညီညွတ်စွာနှင့် ခိုင်မာမှုရှိရှိ ပိုမိုကောင်းမွန်သော စီမံခန့်ခွဲမှုနှင့် အမျိုးသား ပြန်လည်ထူထောင်ရေးကို အရှိန်မြှင့်ပေးမည်ဖြစ်ကြောင်း Prabowo က ပြောကြားခဲ့သည်။
DOCA(ရန်ကုန်)
