ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/ ၂၀၂၅) အား ကျင်းပ

Powered by Drupal

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် ပဲခူးတိုင်းဒေသကြီး၏ စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး (၉/၂၀၂၅)အား ၂၉.၉.၂၀၂၅ ရက်နေ့တွင် ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စားသုံး သူရေးရာကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး တက်ရောက်ကာ အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

          ထို့နောက် အစည်းအဝေးအား ဆက်လက်ကျင်းပရာ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးနှင့် တာဝန်ခံဦးစီးအရာရှိများက ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ စီးပွားရေးရာဝန်ကြီးက ဆွေးနွေးချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ အဆိုပါ အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်(၃)ဦး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း (၆)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)