
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် အခါအား လျော်စွာ သင်တန်းများကို ဟောပြောပို့ချလျက်ရှိရာ ၁၀.၁၀.၂၀၂၅ ရက်နေ့တွင် ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲမှ အငယ်တန်းစာရေး ဦညီသူရဇော်မှ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၈)အား ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
ဆွေးနွေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများသည် စားသုံး သူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအတွက် အလွန်အရေးကြီးကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေများသည် လက်နက်များသဖွယ် ဖြစ် ကြောင်း၊ ဝန်ထမ်းများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေများ၏ အဓိပ္ပာယ်နှင့် သဘောတရားများကို ကျေညက်နေရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၈)ပါ စားသုံးသူရေးရာ ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ အကြောင်း၊ ကော်မတီ၏ လုပ်ပိုင် ခွင့်နှင့် လုပ်ငန်းတာဝန် (၈) ချက်အကြောင်းကို အသေးစိတ်ရှင်းလင်းဟောပြောခဲ့ရာ တက်ရောက် လာသောဝန်ထမ်းများကလည်း မရှင်းလင်းသည်ကို ဆွေးနွေးမေးမြန်းခဲ့သည်ဟု သတင်းရရှိပါသည်။
DOCA(ပဲခူး)
