
ရှန်ဟိုင်း၏ သွင်းကုန်နှင့် ပို့ကုန် စုစုပေါင်းသည် ၂၀၂၅ ခုနှစ် ၏ ပထမ သုံးလပတ်တွင် ယွမ် ၃.၃၄ ထရီလီဘံ (အမေရိကန်ဒေါ်လာ ၄၇၀.၇ ဘီလီယံခန့်) ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅.၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဒေသဆိုင်ရာအကောက်ခွန် အာဏာပိုင်များက အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
တိုးတက်မှုနှုန်းသည် ဇန်နဝါရီ - သြဂုတ်လနှင့် နှိုင်းယှဉ်ပါက ၀.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ ပါသည်။ ရှန်ဟိုင်းအကောက်ခွန်၏ အချက်အလက်များအရ ပထမ ၉ လအတွင်း ပို့ကုန်များမှာ ယွမ် ၁.၄၈ ထရီလီယံ အထိ ၁၁.၃ ရာခိုင်နှုန်း တက်လာခဲ့ပြီး သွင်းကုန်များမှာ ယွမ် ၁.၈၆ ထရီလီယံအထိ ၁.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။
စက်တင်ဘာလ တစ်လတည်းတွင်ပင် ဘဏ္ဍာရေးဗဟိုဌာန၏ နိုင်ငံခြားကုန်သွယ်မှုသည် ယခင်နှစ်ကထက် ၁၂.၅ ရာခိုင်နှုန်း တိုးတက်လာပြီး ယွမ် ၄၀၅.၉ ဘီလီယံသို့ ရောက်ရှိခဲ့ပါသည်။ ပုဂ္ဂလိက ကဏ္ဍများသည် အဓိက တိုတက်မှုတွင် ပါဝင်ခဲ့ပြီး သွင်းကုန်နှင့် ပို့ကုန်များသည် ၂၇.၁ ရာခိုင်နှုန်း အထိ တိုးတက်လာကာ ယွမ် ၁.၃၂ ထရီလီယံသို့ ရောက်ရှိခဲ့ပါသည်။
ရှန်ဟိုင်း၏ ဖွံ့ဖြိုးဆဲဈေးကွက်များနှင့် ကုန်သွယ်မှုသည် အဆိုပါကာလအတွင်း ခိုင်မာသော အရှိန်အဟုန်ကိုပြသခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့နှင့် ကုန်သွယ်မှုသည် ၁၂.၅၊ ၂၂.၉၊ ၃၂.၅ တိုးတက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA (ရန်ကုန်)
