“Lwin Maung Maung”  ကုမ္ပဏီမှ ၊ သထုံမြို့နယ် အခွန်လွတ်စျေး၌  စားအုန်းဆီလက်လီ ရောင်းချနေမှုအား စစ်ဆေးခြင်း

Powered by Drupal

     ၁၈.၁၀.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် “Lwin Maung Maung  ကုမ္ပဏီမှ လက်လီကိုယ်စားလှယ် ဦးဝင်းလွင်မှ သထုံမြို့နယ် အခွန်လွတ်စျေး၌ စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခဲ့ပါသည်။

     ထိုသို့ စစ်ဆေးရာတွင် လက်လီကိုယ်စားလှယ်မှ စားအုန်းဆီရောင်းချရာ၌ သတ်မှတ် စျေးနှုန်း ရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်၊ အရည်အသွေး ပြည့်ဝမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိနှင့် သတ်မှတ်ဗီနိုင်း ချိတ်ဆွဲရောင်းချခြင်း ရှိ/မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၇၂၁၁) ကျပ်နှုန်းဖြင့် ပိဿာ (၄၄၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)