မင်းဘူးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီး ဌာနတို့နှင့်ပူးပေါင်း၍ မင်းဘူးမြို့ပေါ်ရှိ ဆေးနှင့်ဆေး ပစ္စည်းရောင်းချသည့်ဆိုင်များ၌ သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်းမရှိစေရန်နှင့် တရား မဝင်ဆေးဝါးများရောင်းချခြင်းမရှိစေရန် ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် မင်းဘူးမြို့ပေါ်ရှိ ဆေးဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး FDA တာဝန်ခံ ဦးဝေလင်း (ဦးစီးအရာရှိ)မှ ဆေးဆိုင်ပိုင်ရှင်များအား ဆေးဆိုင်အတွင်း ဆေးပစ္စည်းများ သန့်ရှင်းသပ်ရပ်စွာ ထားရှိရန်၊ ဆေးများရောင်းချရာတွင်လည်း ဆေးဝါးရောင်းချခွင့်လက်မှတ်ရရှိပြီးမှသာ ရောင်းချရန် ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဌေးဌေးဝင်း(ဒု-ဦးစီးမှူး)က ဆေးဈေးနှုန်းများမြင့်တင် ရောင်းချခြင်းမရှိစေရန်၊ သက် တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိစေရန်နှင့် စံမမီဆေးဝါးများ ရောင်းချခြင်းမရှိစေရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)