
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦး၊ ဦးစီးမှူးပါ (၃)ဦးတို့ သည် (၂၃.၁၀.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီအချိန်တွင် ထန်းတပင်မြို့နယ်ရှိ “Triple A” စက်သုံးဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် ဦးပိုင်အမှတ်(၂၇/ခ/၅၄) ဘုရင့်နောင်လမ်း၊ (၃)ရပ်ကွက်၊ ထန်းတပင် မြို့နယ်ရှိ စက်သုံးဆီ(၄)မျိုးစလုံးရောင်းချလျက်ရှိပြီး ရောင်းချသောဈေးနှုန်းမှာလည်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ကော်မတီမှ သတ်မှတ်ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးပါကြောင်း၊ နေ့စဉ်ဆီဘောက်ဆာအဝင်များနှင့်စက်သုံးဆီ ပြတ်လပ်မှုများကိုလည်း သက်ဆိုင်ရာဌာနများသို့ ပေးပို့လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကိုလည်း လိုက်နာလျက်ရှိပါကြောင်း ကွင်းဆင်းစစ်ဆေးချက် အရသိရှိရပါသည်။
DOCA (ရန်ကုန်)
