ဘီးလင်းမြို့နယ်၊ ‌ရွှေလှေကျေးရွာအတွင်း စားအုန်းဆီများရောင်းချနေမှုအား ကြီးကြပ်စစ်ဆေး

Powered by Drupal

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာတွင် ၂၅.၁၀.၂၀၂၅ ရက်နေ့၌ Kaung Hlyan New Asia ကုမ္ပဏီမှ ဘီးလင်းမြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများကို လက်လီကိုယ်စားလှယ်များသို့ မျှတစွာခွဲတမ်းချပေး၍ လက်လီကိုယ်စားလှယ်များမှ သတ်မှတ် ရည်ညွှန်းဈေးနှုန်းဖြင့် ကျေးရွာနေစားသုံးသူပြည်သူများအား ပွင့်လင်းမြင်သာစွာ ရောင်းချ ရက်စွဲ၊ ပိဿာချိန်၊ ဈေးနှုန်းတို့ ဖော်ပြထားသည့် ဗီနိုင်းချိတ်ဆွဲ၍ ရောင်းချပေးခဲ့သည်။

     ထိုသို့ ရောင်းချပေးနေမှုအား စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချ ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြစ်သော စားသုံးသူရေးရာဦးစီးဌာနနှင့် အခြားသက်ဆိုင် ရာဌာနမှ အဖွဲ့ဝင်တာဝန်ရှိသူများသည် သတ်မှတ်ရည်ညွှန်းဈေး၊ အလေးချိန်၊ ခွဲတမ်းရပိဿာ ချိန် ပြည့်ဝစွာ ရောင်းချမှု ရှိ/မရှိ တို့ကို ကြီးကြပ်စစ်ဆေးခဲ့သည်။ ကျေးရွာနေ စားသုံးသူ ပြည်သူများမှ ယခုကဲ့သို့ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဝယ်ယူစားသုံးခွင့်ရသဖြင့် များစွာအဆင် ပြေနေကြောင်း၊ အလေးချိန်ပြည့်ဝ၍ အရည်အသွေးကောင်းသဖြင့် စီစဉ်ဆောင်ရွက်ပေးသူ တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ကြောင်းတို့ကို ကြားသိခဲ့ရကြောင်း သိရှိရပါသည်။

DOCA (မွန်)