
၂၄.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းနှင့် သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူး ဦးစည်သူတို့ သည် ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ (အ.မ.က) ကန်သာယာ (၂) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွယ်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းက စားသုံးသူအခွင့်အရေး (၈) ချက်နှင့် တာဝန်(၄)ရပ်အကြောင်း ဟောပြောဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဦးစည်သူက စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား သိကောင်းစရာများနှင့် စားသုံးသူနစ်နာဆုံးရှုံးမှဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နေရာ၊ Consumer Call Center 1535 သို့ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမ (၆) ဦး၊ ကျောင်းသား/သူ (၈၃) ဦး တက်ရောက်ခဲ့ပြီး မြို့နယ်တာဝန်ခံမှ ဌာန၏လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရပါသည်။
DOCA (မွန်)
