အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

Powered by Drupal

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)ဦးဆောင်၍ (၃၀.၁၀.၂၀၂၅)ရက်နေ့ ၊နံနက်(:၀၀)နာရီအချိန်တွင် ပျဉ်းမနားမြို့နယ်၊ ဂဲကြီးသာစည်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ  ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့်ဆရာ၊ ဆရာမများ စုစုပေါင်း(၁၅၅)ဦး တက်ရောက် ခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲများ၌ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချ ရာတွင် လိုအပ်သော အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းများဝယ်ယူ၊ ရောင်းချ ရာတွင်ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

   DOCA (ပြည်ထောင်စုနယ်မြေ)