
မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဦးစိုးမိုးထွန်း (ဦးစီးမှူး) သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာသိကောင်းစရာများဆွေးနွေးပွဲ(TalkShow)အား (၁၉.၉.၂၀၂၅) ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် မြင်းခြံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် ကုန်စည်နှင့်သက်ဆိုင်သည့် ထည့် သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါ ရှိရမည် ဖြစ်ပါကြောင်း၊ စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာ ဌာနများ၏ ပြဌာန်း ချက် များကိုလည်း လိုက်နာဆောင်ရွက် ရန်လိုအပ်ပါကြောင်း စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၏ အခန်း (၁၈)တွင် ပြဌာန်း ထားသည့် ကုန်အညွှန်းအမှတ်အသားတွင်ထည့်သွင်း ဖော်ပြရမည့် အချက်များ၊ မြန်မာဘာသာဖြင့်ရေးသားဖော်ပြရမည့်အချက်များအား အသိပညာ ပေးဆွေးနွေးခဲ့ ပါသည်။
DOCA( မန္တလေး)
