
အဇာဘိုင်ဂျန်နိုင်ငံမှ အာမေးနီးယားနိုင်ငံသို့ ကုန်စည်ကူးသန်းသွာလာမှုဆိုင်ရာ ကန့်သတ် ချက်အားလုံးအား ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်းကို အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev မှ အောက်တိုဘာ ၂၁ ရက်နေ့တွင် ကြေညာခဲ့သည်။
ကာဇက်စတန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော Aliyev မှ အစီအစဥ်အသစ်အရ ပထမဆုံးတင်ပို့မှုမှာ ကာဇက်စတန်နိုင်ငံမှ စပါးထုပ်များဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဇာဘိုင်ဂျန်နိုင်ငံနှင့် အာမေးနီးယားနိုင်ငံတို့အကြား ငြိမ်းချမ်းရေးသည် စာရွက်ပေါ်တွင်သာမက ဘဲ လက်တွေ့ တွင်ပါ တည်ရှိနေကြောင်း Astana တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Aliyev က ပြောကြား ခဲ့သည်။ အာမေးနီးယန်းဝန်ကြီးချုပ်ဆိုသူ Nikol Pashinyan မှလည်း အဆိုပါ လှုပ်ရှားမှုကို ကြိုဆိုခဲ့ ပြီး ဒေသအတွင်းချိတ်ဆက်မှုနှင့် ယုံကြည်မှု တည်ဆောက်ရေး တို့အတွက် အဓိက ခြေလှမ်းများဖြစ်ကြောင်း ဖော်ပြခဲ့သည်။
သြဂုတ်လ ၈ ရက်နေ့တွင် အမေရိကန်သမ္မတ Donald Trump သည် အိမ်ဖြူတော်၌ Aliyev နှင့် Pashinyan တို့ကို လက်ခံတွေ့ဆုံခဲ့ပြီး ၁၀ စုနှစ်များစွာကြာ နယ်စပ်ပဋိပက္ခ အဆုံးသတ်ရေး ငြိမ်းချမ်းရေးသဘောတူညီချက်ကို ခေါင်းဆောင် ၂ ဦး နှင့်တကွ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
