တနင်္သာရီတိုင်းဒေသကြီး ရော်ဘာ ဈေးအနည်းငယ်မြင့်တက်လျက်ရှိ

Powered by Drupal

        တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊  ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ မှိုင်းခံရော်ဘာကို  အဆင့်သတ်မှတ်ချက် ( ၅ ) မျိုးဖြင့် သတ်မှတ်ထား ရှိပြီး ယခုလက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်း RSS-3 နှင့် RSS-5 ( ၂ )မျိုးသာ အဓိက အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ ရော်ဘာဈေးနှုန်းမှာ အောက်တိုဘာ ပထမအပတ်တွင် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး ယခုအပတ် (၁၇.၁၀.၂၀၂၂) မှ (၂၀. ၁၀ .၂၀၂၂)အထိ ရော်ဘာစျေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၄၀၀ နှုန်း၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၃၀၀ နှုန်း ပေါက်ဈေးရှိပြီး RSS-3 သည် RSS-5 ထက်အပြစ်အနာဆာကင်းသောကြောင့် ဈေးကောင်းပိုရလျက် ရှိကြောင်း သိရှိရပါသည်။

      တနင်္သာရီတိုင်းဒေသကြီးထားဝယ်တွင် ရာဘာအစေးခြစ်လုပ်ငန်းများ ပုံမှန်လုပ်ကိုင်လျက် ရှိပြီး ပွင့်လင်းရာသီဖြစ်သောကြောင့် အရောင်းအဝယ်မှာပုံမှန်ရှိ၍ ရာဘာစျေးနှုန်းမှာ တစ်ပေါင်လျှင် (၁၄၀၀/)ကျပ်၊ ရာဘာကို ထားဝယ်မှ ရန်ကုန်သို့လည်းကောင်း၊ ထားဝယ်မှ မုဒုံဘက်သို့          လည်းကောင်း  တင်ပို့ရောင်းချလျက်ရှိပြီး  တစ်ပေါင်လျှင်(၁၆၀၀/-)ကျပ်ခန့်စျေးရှိကြောင်းသိရှိရပြီး  သယ်ယူပို့ဆောင်ခ(ကားခ) မှာ တစ်ပိဿာလျှင်(၁ဝဝိ/-)ကျပ် ပေးဆောင်ရကြောင်းကုန်သည်တစ်ဦး ထံမှ စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)