လွိုင်ကော်မြို့အတွင်းဖြစ်ပေါ်နေသော ငရုတ်သီးဈေးနှုန်း

Powered by Drupal

    မြန်မာလူမျိုးများခေါ်ဝေါ်သည့် အမည်(ငရုတ်)ဟူသည်မှာ ရုက္ခဗေဒအမည်ဖြင့်(Capsicum spp)ဖြစ်ပါသည်။Capsicum sppဆိုသည့်အတိုင်း Capsicum ဓါတ်ပါဝင်မှုကြောင့် ငရုတ်သီးများတွင် အစပ်ဂုဏ်သတိ္တများ ရှိကြပါသည်။

     ငရုတ်ပင်အမျိုးအစားအလိုက် အသီးသီးရာတွင် အချို့ငရုတ်သီးသည်မိုးပေါ်သို့ထောင်သီး ကြပြီး အချို့ငရုတ်မှာအောက်သို့စိုက်၍သီးကြပါသည်။ငရုတ်သီးအမျိုးအစားအလိုက် အသီးသီးပုံများ မတူညီကွဲပြား ကြသကဲ့သို့ အသီး၏ပုံသဏ္ဌာန်များမှာလည်း မတူညီကြပါ။ ငရုတ်သီး အရှည်၊ အပု နှင့်အဝိုင်းဟူ၍ အမျိုးမျိုးရှိကြပါသည်။

      ကယားပြည်နယ်၊လွိုင်ကော်မြို့၊သီရိမင်္ဂလာဈေးအတွင်း ဖြစ်ပေါ်နေသော ငရုတ်သီးဈေးနှုန်း များမှာ  ငရုတ်သီးခြောက်(အရှည်) တစ်ပိဿာလျှင်(၁၇၀၀၀/-)ကျပ်၊ငရုတ်သီးခြောက်(အပု) တစ် ပိဿာ လျှင်(၄၀၀၀၀/-)ကျပ်နှင့်ငရုတ်သီးအစိမ်း တစ်ဘူးလျှင်(၈၀၀/-)ကျပ်နှင့်(၁၀၀၀/-)ကျပ်ကြား အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ငရုတ်သီးများကို ကယားပြည်နယ်၊ လောပိတမြို့တွင် အနည်း ငယ်စိုက်ပျိုးကြပြီး ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နှင့်အောင်ပန်းမြို့တို့မှ ဝယ်ယူရောင်းချကြကြောင်း ငရုတ်သီးရောင်းချသော ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)