
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ တတိယပတ်တွင် ကရင်ပြည်နယ်ဒေသထွက် သကြား ပြောင်းဖူးများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများသည် ရာသီပေါ်သီးနှံ သကြားပြောင်းများကို မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ သကြားပြောင်းကိုပြုတ်၍လည်းကောင်း၊ မီးဖုတ်၍လည်းကောင်း စားသုံးနိုင်သလို ကြက်ဥဖြစ်လည်းကောင်းကြော်စားပါက အလွန်စားကောင်းသော သီးနှံတစ်မျိုးဖြစ် သည်။ သကြားပြောင်းတွင် ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတာကြောင့် အရေပြား ဓာတ်တိုး ပစ္စည်းပျက်စီးမှုကနေအထိရောက်ဆုံး ကာကွယ်ပေးနိုင်သောကြောင့် ကျန်မာရေးအတွက် ကောင်း ကြိုးဖြစ်စေပါသည်။ သကြားပြောင်းဈေးနှုန်းမှာ တစ်ဖူးလျှင် (၅၀၀)ကျပ်၊ ၁၀ဖူးလျှင် (၄၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)
