“ သာစည်မြို့နယ်တွင်  မေသာစည် Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ်တာဝန်ခံ ဒေါ်ဖြူဖြူထွန်း ၊ ဒု-ဦးစီးမှူးပါ (၂)ဦးတို့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် သာစည်မြို့နယ်၊ အမှတ်(၁)သီရိမင်္လာရပ်ကွက်ရှိ မေသာစည် Online Sale  ပုဆိုးနှင့်ချည်ထည်မျိုးစုံ ရောင်းချသည့်ဆိုင်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် သာစည်မြို့နယ်တာဝန်ခံမှ Online စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းများနှင့်ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်း များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအဖြစ် သတ်မှတ်ထားကြောင်း ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ချက်များနှင့် အခြားသိကောင်းစရာများအား အသိပညာပေး ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်းသိရသည်။

  DOCA(မန္တလေး)