ကော့သောင်းမြို့ သဘာဝငှက်သိုက်စစ်စစ်ဈေးကွက်

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အပါအဝင် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း စသည့် မြို့နယ်များတွင် သဘာဝငှက်သိုက်စစ်စစ်အများဆုံးထွက်ရှိပါသည်။ အဆိုပါ သဘာဝငှက်သိုက်စစ်စစ် ကို ကိုယ်ခံအားနည်းသည့် အဘိုးအဘွားများ၊ ကျန်းမာရေးမကောင်းသူများအတွက် သင့်လျော်သည့် အာဟာရဖြည့်စွက်စာတစ်မျိုးဖြစ်ပါသည်။

      လတ်တလော ကော့သောင်းမြို့ သဘာဝငှက်သိုက်စစ်စစ်ဈေးကွက်အခြေအနေမှာ အခြောက်ခွက်အသန့် ပထမတန်းစားအခြေခံဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ၅၀၀၀၀ ကျပ်၊ ဒုတိယတန်းစား အခြေခံဈေးနှုန်းမှာ တစ်ကျပ်သားလျှင် ၄၃၀၀၀ကျပ်၊ သဘာဝကုန်ကြမ်း တစ်ကျပ်သားလျှင် ၃၀၀၀၀ ကျပ် ဈေးနှုန်းပေါက်နေပြီး၊ အဖတ်အပြည့်ပါသော သဘာဝငှက်သိုက်စစ်စစ်ပေါင်းရည် ၄၂ မီလီလီတာ တစ်ဗူးလျှင် ၅၅၀၀ ကျပ်၊ ၇၅ မီလီလီတာ တစ်ဗူးလျှင် ၇၅၀၀ ကျပ် ဈေးနှုန်းရှိကြောင်း ငှက်သိုက်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)