
Lilongwe ရှိ Kasiya နေရာတွင် တူးဖော်မှုနှင့် Balaka ရှိ Kangankunde ရှိ ရှားပါးမြေများကို စနစ်တကျ စီမံခန့်ခွဲမည်ဆိုပါကနိုင်ငံသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိ ၀င်ငွေရရှိနေမည်ဖြစ်သောကြောင့် မော်လဝီသည် သတ္တုတွင်းကဏ္ဍတွင် တွင်းထွက်ကုန်ကြမ်းများ တင်ပို့ခြင်းကို တားမြစ်ထားကြောင်း ဒုတိယသမ္မတ Enock Chihana ၏ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် သမ္မတ Peter Mutharika က နိုင်ငံ၏စီးပွားရေးအချက်အချာကျသော Blantyre ရှိ Sanjika နန်းတော်တွင် အောက်တိုဘာလ ၂၁ ရက်နေ့က ထိုတားမြစ်ချက်ကို ကြေညာခဲ့သည်။ မိုင်းတွင်းများမှ ကုန်ကြမ်းတင်ပို့မှုများအား ခွင့်မပြုပါကြောင်း ကုန်ကြမ်းများအား နိုင်ငံအတွင်း၌သာ စီမံရမည်ဖြစ်ကြောင်း တရားမ၀င်တူးဖော်မှု သို့မဟုတ် အလွဲသုံးစားလုပ်မှုတွင် ပါဝင်ပတ်သက်သူများသည် ပြစ်ဒဏ်များ ကျခံရမည်ဖြစ်ကြောင်း Mutharika က ပြောကြားခဲ့သည်။ ကက်ဘိနက်အဖွဲ့ဝင်များကို ၎င်းတို့၏ အကျိုးစီးပွားကိုမဟုတ်ဘဲ အများပြည်သူအကျိုးစီးပွားကို ထမ်းဆောင်ရန်လည်း သတိပေးခဲ့သည်။ ရလဒ်များပေါ်လည်း အာရုံစိုက်ရန်အတွက် Mutharika က ဆိုသည်။ မာလာဝီနိုင်ငံ၏ ပဉ္စမမြောက် သမ္မတအဖြစ် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သော Mutharika သည် စက်တင်ဘာလ ၁၆ ရက်နေ့ သမ္မတရွေးကောက်ပွဲတွင် နိုင်ငံ၏ သတ္တမမြောက်နိုင်ငံတော် အကြီးအကဲ ဖြစ်လာခဲ့သည်။
Source : Xinhua
DOCA(ရန်ကုန်)
