ကမ္ဘောဒီးယားနိုင်ငံသည် ရှီရှာနှင့် အီး-စီးကရက်များကို ပိတ်ပင်ထား

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံသည် အီး-စီးကရက်နှင့် ရှီရှာများကို တားမြစ်ပိတ်ပင်လိုက်ကြောင်း အောက်တိုဘာ ၂၂ ရက်၌ ကမ္ဘောဒီးယားနိုင်ငံမှ လူမှုဖူလုံရေးနှင့် လူငယ်များ၏ ကျန်းမာရေးကို ကာကွယ်ရန်ရည်ရွယ်၍ ထုတ်ပြန်ခဲ့သည်။ အင်္ဂါနေ့ရက်စွဲဖြင့် မီဒီယာသို့ ထုတ်ပြန်သည့် ညွှန်ကြားချက်တွင် ရှီရှာနှင့် အီး-စီးကရက်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာသည်ကို အစိုးရက သတိပြုမိပြီးနောက် တားမြစ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုသည်။ တင်သွင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ ကြော်ငြာခြင်း၊ အသုံးပြုခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ထုတ်လုပ်ခြင်းနှင့် သောက်သုံးခြင်းတို့အတွက် ပုံစံအားလုံးတွင် တားမြစ်ထားကြောင်း Hun Manet မှ ပြောကြားခဲ့သည်။ အစိုးရနှင့်ပုဂ္ဂလိက ကျောင်းများ၊ ဆရာအတတ်သင်ကျောင်းများ၊ အဆောင်များ၊ ရပ်ရွာသင်ကြားရေးစင်တာများ၊ အားကစားခန်းမများနှင့် အားကစားဆိုင်ရာအဆောက်အအုံများ အနီးတစ်ဝိုက်တွင် အီး-စီးကရက်နှင့် ရှီရှာအတွက် အီလက်ထရွန်းနစ်ပစ္စည်းများနှင့် ဓာတုပစ္စည်းများ အသုံးပြုမှု တားမြစ်ရန် ပညာရေးဝန်ကြီးဌာနကို ညွှန်ကြားထားသည်။ အရှေ့တောင်အာရှနိုင်ငံသည် ရှီရှာနှင့် အီး-စီးကရက်များ တင်သွင်းခြင်း၊ ရောင်းချခြင်းနှင့် အသုံးပြုခြင်းကို ၂၀၁၄ ခုနှစ်တွင် ပထမဆုံးတားမြစ်ခဲ့သည်။ အီး-စီးကရက်နှင့် ရှီရှာများသည် သုံးစွဲသူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပြီး အီးစီးကရက်များတွင် စီးကရက်ထက် ကျန်းမာရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်စေနိုင်သည့် နီကိုတင်းပါဝင်မှု မြင့်မားကြောင်းနှင့် အဆိုပါထုတ်ကုန်များကို ဆေးခြောက်နှင့် အခြားဆေးများနှင့် အသုံးပြုထားသော်လည်း shisha တွင် အဆိပ်အတောက်များ ပါဝင်နေကြောင်း သတိ‌ပေးချက်ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ကုန်များသည် ပြင်းထန်သော အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာ၊ နှလုံးရောဂါ၊ ဦးနှောက်ဖွံ့ဖြိုးမှုကိုပျက်စီးစေခြင်း၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း၊ မျိုးမအောင်ခြင်း၊ အစာအိမ်ကင်ဆာနှင့် ဆီးအိမ်ကင်ဆာတို့ကို ဖြစ်စေနိုင်ကြောင်း ဝန်ကြီးဌာနကဆိုကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)