
စျေးကွက်အတွင်း မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်ရှိသည့်စားဖိုဆောင်သီးနှံ ကြက်သွန်ဖြူများဝင်ရောက်လျက် ရှိပြီး၊ ကြက်သွန်ဖြူပေါက်စျေးမှာ စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ် အောက်တို ဘာလတတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ကြက်သွန်ဖြူအမျိုးအစားအလိုက်တစ်ပိဿာပေါက် စျေးများမှာ ကြက်သွန်ဖြူ(ဗမာ) လက္ကားစျေး ၅၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊ လက်လီစျေး ၆၀၀၀ ကျပ် နှင့်၆၅၀၀ ကျပ်၊ကြက်သွန်ဖြူ(ရှမ်း) လက္ကားစျေးမှာ ၈၀၀၀ ကျပ်နှင့် ၈၅၀၀ ကျပ်၊လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၉၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ ယခင်စက်တင်ဘာလတတိယပတ် လက်လီ ပေါက်စျေးတွင် ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်စျေးဖြစ်ပေါခဲ့သဖြင့် ယခင်လ ဈေးနှင့်နှိုင်းယှဉ်ပါက စျေးအနည်းငယ်ကျဆင်းသွားကြောင်း သီရိမာလာစျေးရှိ ပွဲရုံပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရ ပါသည်။
DOCA(မန္တလေး)
