အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအသစ်သည် ရုရှားနိုင်ငံ၏ စီးပွားရေးကို သိသိသာသာ ထိခိုက်စေမည်မဟုတ်ကြောင်း ပူတင်က ပြောကြားခဲ့

Powered by Drupal

        ရုရှားရေနံကုမ္ပဏီများအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုအသစ်သည် ရုရှားနိုင်ငံ၏ စီးပွားရေးကို သိသိသာသာ ထိခိုက်မည်မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

          ပိတ်ဆို့အရေးယူမှုများသည် ရုရှားအပေါ် ဖိအားပေးရန် ကြိုးပမ်းမှုဖြစ်ပြီး ရုရှား-အမေရိကန် ဆက်ဆံရေးကို ခိုင်မာစေခြင်းမရှိကြောင်း ပူတင်ကပြောကြားခဲ့ကြောင်း သိရသည်။

         ရုရှားသမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံရန် စီစဉ်ထားမှုကို ဖျက်သိမ်းလိုက်ကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဆောက်ရွက်ချက်အပေါ် မှတ်ချက်ပေးရာတွင် ရုရှားသမ္မတက ဆက်လက်ဆွေးနွေးရန် အမြဲတမ်းထောက်ခံကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

         ကြိုတင်ပြင်ဆင်မှုမရှိဘဲ ရုရှား-အမေရိကန် ထိပ်သီးအစည်းအဝေးကို ချဉ်းကပ်ခြင်းသည် အမှားအယွင်းတစ်ခုဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး ချက်ချင်းသဘောတူရန် မော်စကိုအား ဖိအားပေးရန်အတွက် ရုရှား၏ အကြီးဆုံး ရေနံထုတ်လုပ်သူ Rosneft နှင့် Lukoil တို့ကို အမေရိကန်ဘဏ္ဍာရေးဌာနက ဗုဒ္ဓဟူးနေ့တွင် ပိတ်ဆို့အရေးယူရန် ကြေညာခဲ့ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                   

DOCA(ရန်ကုန်)