ဖြူးမြို့တွင် စာပေဝါသနာရှင်များအား အွန်လိုင်းတွင် ဈေးဝယ်ယူခြင်းနှင့်ပတ်သက်၍ အသိပညာပေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊တောင်ငူခရိုင်၊ ဖြူးမြို့နယ် တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ခင်သန္တာဦး က အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဖြူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်သည့် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် စာပေဝါသနာရှင်များအား အွန်လိုင်းတွင် ဈေးဝယ်ယူခြင်းနှင့်ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေး ပြောကြားပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်ရုံးမှ ဌာနခွဲစာရေး၊ဒေါ်ခင်သန္တာဦးသည် အွန်လိုင်းတွင် ဈေးဝယ်ခြင်းနှင့် ပတ်သက်၍ အားသာချက်၊အားနည်းချက်များ၊ လိမ်လည်မှုပုံစံများ၊ စိစစ်သင့်သည့် အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာန၏ ဆောင်ရွက်ချက်များကို အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

          ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းနှင့် စာပေဝါသနာရှင်(၁၀)ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)