မိုးညိုမြို့ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊  သာယာဝတီခရိုင်  မိုးညိုမြို့၌  ခရိုင်ဦးစီးမှူး၏   လမ်းညွှန်မှုဖြင့်၂၃.၁၀.၂၀၂၅ ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်တွင်ဈေးအတွင်း၊ သခင်လှရှိန်ရပ်ကွက်ရှိ  ဒေါ်ခင်စန်းအေး၊  ကုန်မျိုးးစုံနှင့်  ရောင်းဝယ် ရေးဆိုင်များအား ကုန်အညွှန်း အမှတ်အသားများ ပြည်စုံစွာ ဖော်ပြ ခြင်း ရှိ/မရှိ မြို့နယ် တာဝန်ခံဦးမောင်မောင်အေးနှင့်ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံး သူများ   တိကျမှန်ကန်ရှင်းလင်းသောသတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့် အရည် အသွေးမြင့်မားသော ကုန်စည် ဝန်ဆောင်မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ခဲ့ပါသည်။

DOCA(ပဲခူး)