
ဖျာပုံမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ “ကျေးဇူးတော်” ဆန်ဆိုင်သို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့၊ နေ့လယ် ( ၁၅ : ၀၀ ) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
အဆိုပါဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒုခရိုင်ဦးစီးမှူးမှ ဆန်များ သက်မှတ်ထား သည့်ဈေးနှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန်၊ ရည်ညွန်းဈေး အပေါ် သင့်တင့်မျှတစွာ တွက်ချက်ရောင်းချနေမှုများကို ကွင်းဆင်းစစ်ဆေးခြင်း၊ ဆန်သိုလှောင်ရုံ များ မှတ်ပုံသက်တမ်းပြည့်မြောက်ပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်ရန် ဆန်လက်ကျန်စာရင်းနှင့် ဖျာပုံမြို့နယ်မှ ဆန် ဆိုင်ပိုင်ရှင်နှင့် ဆန်ကုန်သည်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရရှိပါသည်။
DOCA(ဧရာဝတီ)
