ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၃.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)အချိန်တွင် လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် စပ်လျဉ်း၍ အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက် နေ့တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေ၏  အခန်း(၁၇)ပါ ကုန်စည် သို့မဟုတ် ဝန် ဆောင်မှုကို အသုံးပြုခြင်းကြောင့် သို့မဟုတ် အာမခံပေးထားသည့် ကာလအတွင်း စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ကုန်စည်ထုတ်လုပ်ရောင်းချသူ သို့မဟုတ် ဝန်ဆောင်မှုပေးသည့် စီးပွားရေး လုပ်ငန်းရှင်တွင် တာဝန်ရှိကြောင်း၊ ပုဒ်မ(၃၈)(၃၉)တွင် ဖော်ပြထားသော မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ကုန်စည်/ဝန်ဆောင်မှုကို ပြုပြင်မွမ်းမံပြီး သို့မဟုတ် ပြုပြင်ပြောင်းလဲပြီးမှ စားသုံးသူသို့ ရောင်းချမှု ပြုလျှင်    ၎င်းတို့နှင့်စပ်လျဉ်းသည့် နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းရန် တာဝန် ရှိကြောင်း၊ စားသုံးသူများအတွက် ကုန်စည်/ဝန်ဆောင်မှုကို အသုံးပြုနိုင်သည့်ကာလ သို့မဟုတ် အာမခံပေးထားသည့်ကာလ   သက်တမ်းအတွင်း အပိုပစ္စည်းများရရှိနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ရောင်းချပြီးနောက် လိုအပ်သော ဝန်ဆောင်မှုများထပ်မံပေးခြင်းနှင့် သဘောတူညီချက်တွင် ပါရှိသည့် အာမခံချက်နှင့်အညီဆောင်ရွက်ခြင်းပြုရမည်ဖြစ်ကြောင်းစသည်တို့ကိုအကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

(DOCA ဧရာဝတီ)