Semiconductor အခွန်ကောက်ခွန်မှုအ‌ပေါ် ဆုံးဖြတ်သောအခါ အမေရိကန်နိုင်ငံ လွှတ်တော်သည် မလေးရှားနိုင်ငံ၏ ကုန်သွယ်ရေးသဘောတူညီချက်တွင် ထည့်သွင်းရန် သဘောတူ

Powered by Drupal

           ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဒုတိယဝန်ကြီးဆိုသူ Liew Chin Tong  က အသစ်ပြန်လည်ပြင်ဆင်ထားသော အမေရိကန်နိုင်ငံ၏ ကုန်သွယ်ရေးသဘောတူညီချက်တွင် Semiconductor များ မပါဝင်သော်လည်း သဘောတူညီမှုအောက်ရှိ မလေးရှားနိုင်ငံ၏ ကတိကဝတ်သည် အမေကန်နိုင်ငံ၏ အနာဂတ် Semiconductor များအား အခွန်ကောက်ခံမှု အပေါ် လွှမ်းမိုးနိုင်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသမ္မတ Donald Trump သည် အမေရိကန်နိုင်ငံတွင် အခြေမစိုက်ဘဲ ထုတ်လုပ်လျက်ရှိသည့် တစ်ခြားသောနိုင်ငံများမှ တင်သွင်းသော semiconductor များအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း အစောပိုင်းကာလများတွင် ခြိမ်းခြောက်မှုများ ရှိခဲ့ပါသည်။ လက်ရှိတွင် အမေရိကန်နိုင်ငံသည် မလေးရှားနိုင်ငံမှ တင်သွင်းသော semiconductor ထုတ်ကုန်များအပေါ် အခွန် ၁၉ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်ကြောင်း သြဂုတ်လ ၈ ရက်နေ့ကတည်းက ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် မ‌လေးရှားနိုင်ငံသည် ရင်းဂစ် ၁၂၀ ဘီလီယံ တန်ကြေးရှိသော လျှပ်စစ်ပစ္စည်းထုတ်ကုန်များကို အမေရိကန်နိုင်ငံသို့တင်သွင်းခဲ့ကြောင်း သိရပါသည်။ Liew က ပြန်လည်ပြုလုပ်မည့် နှစ်နိုင်ငံအခွန်အပြန်အလှန်ကောက်ခံမည့် သဘောတူညီချက်သည် အမေရိကန်နိုင်ငံစျေးကွက်ကို နှစ်နိုင်ငံကြား ယခင်က ပြုလုပ်ခဲ့သော ကတိကဝတ်များကို ပြောင်းလဲခြင်းမရှိဘဲ ကောင်းမွန်စွာ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ သဘောတူညီချက်အသစ်တွင် အခွန်စည်းကြပ်မှုလိုင်း ၁၇၁၁ လိုင်းပါဝင်မည်ဖြစ်ကြောင်းနှင့် စာအုန်းဆီ၊ ရာဘာ၊ ကိုကိုး၊ လေယာဥ်အပို ပစ္စည်းနှင့် ဆေးဝါးပစ္စည်းများကဲ့သို့ အဓိက ပို့ကုန်များတွင် အခွန် ၁၉ ရာခိုင်နှုန်းခန့် လျော့နည်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: The Edge Malaysia                                                        

DOCA (ရန်ကုန်)