
အမေရိကန်သမ္မတ Donald Trump ၏ ဒေသတွင်းပထမဆုံးလာရောက် လည်ပတ်နေစဥ်အတွင်းတွင် အမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက် အသေးစိတ်အချက်အလက်များကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရပါသည်။ အရေးကြီးသော အသေးစိတ်အချက်အလက်များကို မဆုံးဖြတ်ရသေးသော်လည်း ၎င်းထုတ်ပြန်ကြေညာချက်သည် ဇူလိုင်လတွင် ကြေညာခဲ့သော ၂၀ ရာခိုင်နှုန်း အခွန်ကောက်ခံမည်ဟု ကြေညာချက်အပြီး နောက်ပိုင်းတွင် Trump အုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်သည့် ပထမဆုံးဖြစ်ကြောင်း သိရပါသည်။ အဆိုပါကြေညာချက်သည် အရှေ့တောင်အာရှနိုင်ငံများ ညီလာခံအား လက်ခံကျင်းပသည့် မလေးရှားနိုင်ငံတွင် အမေရိကန်သမ္မတ Donald Trump ၏ လည်ပတ်မှုအပြီးတွင် ထွက်ပေါလာခြင်းဖြစ်ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံ ခေါင်းဆောင်များသည် ကမ္ဘောဒီးယားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့နှင့် ကုန်သွယ်ရေးသဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ကြောင်းနှင့် ထိုင်းနိုင်ငံ သဘောတူညီချက်ဘောင်အတွက် လက်မှတ်ရေး ထိုးခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်အစိုးရက ဝန်ကြီးချုပ် Minh Chinh သည် အမေရိကန် သမ္မတ Donald Trump နှင့် အစည်းအဝေးပြင်ပတွင် အကျဥ်းချုပ်တွေ့ဆုံခဲ့ပြီး ဗီယက်နမ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း ထုတ်ပြန်ကြောချက်တွင် ပြောကြားခဲ့ပါသည်။ ကော်ဖိနှင့်ပတ်သက်သည့်ထုတ်ကုန်များ၊ အင်္ကျီမှစ၍ ကားအင်ဂျင်အစိတ်အပိုင်းများအထိ ရောင်းချသည့် ကမ္ဘာ့အကြီးဆုံးတင်ပို့သည့်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံသည် အစောပိုင်းတွင် အမေရိကန်နိုင်ငံမှ အခွန် ၄၆ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံခြင်းကို ခံခဲ့ရသော်လည်း နောက်ပိုင်းတွင် အမေရိကန်နိုင်ငံမှ ဇူလိုင်လမှစတင်၍ အခွန် ၂၀ ရာခိုင်နှုန်းသာ အခွန်များကို လျော့ချကောက်ခံခြင်း ခံရသော်လည်း ၎င်း၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံများထက် ၁ ရာခိုင်နှုန်းများနေကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံ၏ ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံသည် အမေရိကန်နိုင်ငံ မော်တော်ကားများစံနှုန်း အသိအမှတ်ပြုရေး၊ အမေရိကန်နိုင်ငံ ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများအတွက် တင်သွင်းမှုစည်းမျဥ်းများ ပယ်ဖျောက်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ဉာဏ်ပညာဖြင့် ဖန်တီးထား သော မူပိုင်ခွင့် ကတိကဝတ်များဖြည့်ဆေးရေးများအတွက် သဘောတူညီခဲ့ကြောင်း သိရပါသည်။ အဆိုပါ အမေရိကန်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဒစ်ဂျစ်တယ်ကုန်သွယ်ရေး၊ ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သည့် ကတိကဝတ်များကို ယခုလာမည့် ရက်သတ္တပတ်အတွင်း အဆုံးသတ်ဆွေးနွေးတော့မည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: The Edge Malaysia
DOCA (ရန်ကုန်)
