
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုး ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီက ပတ္တမြားရပ်ကွက် ရှိ Ooredoo တာဝန်ခံရုံးသို့ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် မြို့နယ်တာဝန်ခံမှ ဝါးခယ်မမြို့နယ်၊ ပတ္တမြားရပ်ကွက်ရှိ Ooredoo တာဝန်ခံရုံးရှိ တာဝန်ခံဒေါ်တင်မျိုးနှင့်တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအား ရှင်းလင်းဆွေးနွေး ခဲ့ပြီး မိမိတို့ရောင်းချနေသော ကုန်ပစ္စည်းများအပါ် ဝန်ဆောင်မှုများ၊ တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိစေရေး အလေးထားဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး မှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
