ဖျာပုံခရိုင်အတွင်းမြို့နယ်အသီးသီး၌အောက်တိုဘာလအတွင်းဦးစားပေးကုန်စည်ဖြစ်သည့် သောက်ရေသန့်အမျိုးမျိုးတို့အားကွင်းဆင်းစိစစ်

Powered by Drupal

      ဖျာပုံခရိုင်အတွင်းမြို့နယ်အသီးသီးရှိ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည်၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးရမည့်ဦးစားပေးကုန်စည်ဖြစ်သည့်သောက်ရေသန့်အမျိုးမျိုးတို့အား  မြို့ပေါ်ရပ်ကွက်  ကုန်စုံဆိုင်များနှင့် မြို့မဈေးများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

       ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင်( ၂.၁၀.၂၀၂၅ )နေ့၌ဒေးဒရဲမြို့နယ်တွင်လည်းကောင်း၊(၁၀.၁၀.၂၀၂၅)

နေ့၌ ဖျာပုံမြို့နယ်တွင်လည်းကောင်း၊(၂၂.၁၀.၂၀၂၅)နေ့၌ ကျိုက်လတ်မြို့နယ်နှင့် ဘိုကလေးမြို့နယ်တွင်

လည်းကောင်း   သောက်ရေသန့်   အမျိုးမျိုးတို့အား  မြန်မာနိုင်ငံ  စားသုံးသူကာကွယ်ရေး  ကော်မရှင်မှ

ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာ

ဖြင့် ဖော်ပြထားခြင်း ရှိ/မရှိအား ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ