
ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း) မှ ဒုတိယဦးစီး မှူးနှင့်ဝန်ထမ်းများသည်(၂၁-၁၀၂၀၂၅)ရက်နေ့တွင် ကလောမြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်း ဆိုင်(၂)ဆိုင်နှင့် (၂၂-၁၀၂၀၂၅)ရက်နေ့တွင် ညောင်ရွှေမြို့ရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်(၄) ဆိုင်တို့မှ စားအုန်းဆီရောင်းနေမှုအခြေနေအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် စားအုန်းဆီရောင်းချရာ၌ သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ အရည်အ သွေးပြည့်ဝမှန်ကန်စွာရောင်းချမှုရှိ/မရှိ၊ သတ်မှတ်ဗီနိုင်းချိန်ဆွဲရောင်းချမှုရှိ/မရှိတို့အား ကွင်းဆင်းစစ် ဆေးခဲ့ပြီး သတ်မှတ်ရည်ညွှန်းဈေးဖြစ်သည့် စားအုံးဆီ တစ်ပီဿာလျှင် (၇၄၉၁)ကျပ်နှုန်းဖြင့်ရောင်း ချကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
