
ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍(၂၁-၁၀-၂၀၂၅)ရက်နေ့နံနက်၁၁နာရီအချိန်တွင် လူထုဗဟို ပြုဌာန၌စားသုံးသူအခွင့်ရေးများနှင့်တိုင်ကြားနိုင်မည့် နည်းလမ်းများအကြောင်း အသိပညာပေး talk showပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ talk show ကိုစားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်နိုင် နှင့်ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဖြိုးဖြိုးကြွယ်တို့က စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူများရရှိခံစားနိုင်သည့် အခွင့်အရေးများအကြောင်း၊ စားသုံးသူအခွင့်အရေးဆုံးရှုံးမှုဖြစ်ပေါ် ခြင်းနှင့်နှစ်နာမှုများရှိခဲ့လျှင် တိုင်ကြားနိုင်မည့် နည်းလမ်းများအကြောင်း အသိပညာပေး talk show ပြူလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
