
စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စိတ်ကျေနပ်မှုရရှိစေရေး၊ အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ သုံးစွဲနိုင်စေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ လျော့နည်းပပျောက်သွားစေရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ) သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၉.၁၀.၂၀၂၅)ရက်နေ့၊ နံန်က်၀၉:၀၀)နာရီ အချိန် တွင် ပုဂံမြို့သစ်ဈေးကြီးရှိ ဈေးဆိုင်များတွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ပူးပေါင်းအဖွဲ့သည် ရောင်းချနေသောကုန်စည်များတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် များ၊ ဥပဒေပါပြဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြပါဝင်မှုများနှင့် ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြမှုရှိ/မရှိတို့အား စစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပါပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသော ကုန်စည် များအားရောင်းဝယ်မှုမပြုရန်၊ စားသုံးသူအား ထိခိုက်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သောကုန်စည်များနှင့် သက်တမ်လွန်ကုန်စည်များ ရောင်းချမှုများမပြုလုပ်ကြရန်၊ သက်ဆိုင်ရာဌာနများမှ စားသုံးရန်နှင့်သုံးစွဲ ရန်မသင့်သော ကုန်စည်များရောင်းချခြင်းမပြုရန်၊ ဥပဒေပြဌာန်းချက်များ၊ သတ်မှတ်ချက်များ၊ ထုတ်ပြန် ချက်များ၊ ညွှန်ကြားချက်များနှင့် မညီညွတ်သော ကုန်စည်များစစ်ဆေးတွေ့ရှိပါက ဥပဒေများနှင့်အညီ စစ်ဆေးအရေးယူမှုများခံရမည်ဖြစ်ကြောင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များကို အစဉ်တစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးခဲ့ပါသည်။
DOCA(မန္တလေး)
