
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီးမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံ ဒေါ်အေးငြိမ်းစံ (ဦးစီးအရာရှိ)နှင့် ဒေါ်ချိုမွန်(ဒု-ဦးစီးမှူး)တို့သည် ၂၃-၁၀-၂၀၂၅ ရက်နေ့၌ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် အ.ထ.က(၂၆)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် အ.ထ.က(၂၆) ကျောင်းအုပ်ဆရာကြီး ဦးမျိုးမျိုးလွင်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ဒေါ်အေးငြိမ်းစံ(ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောရာတွင်၂၀၁၉ ခုနှစ်၊ပြည်ထောင်စုလွှတ်တော်အမှတ်-၉။ ဖြင့်ပြဌာန်းထားသော စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏ အဓိပ္ပယ်၊ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို အကျယ် တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် Consumer Call Center 1535 သို့ ရုံးချိန်အတွင်း ဆက်သွယ်တိုင်းကြားနိုင်ကြောင်းရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ကျောင်းအုပ်ဆရာကြီးက နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ဆရာ/ဆရာမ များနှင့် ကျောင်းသားကျောင်းသူများ (၁၀၀)ဦးတက်ရောက်ခဲ့ပါသည်။ထိုနောက် ကျောင်းမုန့်ဈေးတန်းတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (မန္တလေး)
