ကျောက်ပန်းတောင်းမြို့ရှိ ဒေါ်အောင်ဌေးညွန့် ဆန်ဆိုင်သို့ ကွင်းဆင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့် ကျောက်ပန်းတောင်းမြို့၊ လွတ်လပ်ရေးရပ်ကွက်ရှိ ဒေါ်ခင်ဝင်း၏ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ၈.၁၀.၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ဒေါ်အောင်ဌေးညွန့် ဆန်လက်လီ၊လက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ မနောသုခ(သစ်) (၂၄)ပြည်တစ်အိတ်လျှင်(၅၅၀၀၀)ကျပ်၊ ဧရာပဒေသာ(၂၄)ပြည် တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်နှင့် ဖန်သီးသုခ (၂၄)ပြည်တစ်အိတ်လျှင်(၇၀၀၀၀) ကျပ်များဖြင့် သင့်တင့်မျှတသော ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်ပိုင်ရှင် ဒေါ်အောင်ဌေးညွန့်အား ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရန်၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်းများ မပြုလုပ်ကြစေရေးတို့အား ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)