
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံးသည် စားသုံးသူကာကွယ်ရေးဥပဒေ ရည်ရွယ်ချက်ပါ စားသုံးသူကာ ကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန် အခြေခံပညာစာသင်ကျောင်းများ၊ ဌာနဆိုင်ရာနှင့်အသင်းအဖွဲ့များ၊ တက္ကသိုလ်ကောလိပ်များ၊ ရပ်ကွက်/ ကျေးရွာများ စည်ပင်သာယာဈေးများတွင် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များအား အခါအားလျော်စွာအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် မန္တလေးမြို့အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ၌ (၂၁-၁၀-၂၀၂၅) ရက်နေ့တွင် ချမ်းမြသာစည်မြို့နယ်၊ စိတ်ကူးသစ် ကိုယ်ပိုင်ကျောင်း၊ (၂၂-၁၀-၂၀၂၅) ရက်နေ့တွင် အ.ထ.က(၃၀)၊ (၂၃-၁၀-၂၀၂၅) ရက်နေ့တွင် အ.ထ.က(၂၆)၊ (၂၄-၁၀-၂၀၂၅) ရက်နေ့တွင် အ.ထ.က(၇)တို့မှ ဆရာ/ ဆရာများနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ် ရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူ ကာကွယ်ရေးဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် Consumer Call Center (1535) သို့လည်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း ဟောပြောဆွေးနွေးခဲ့ကြပါသည်။
DOCA (မန္တလေး)
