
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့၊ နံနက် (၁၀း၃၀) အချိန်တွင် စားသုံးသူရေးရာဦိးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၌ တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ ဆန်စပါးကုန်သည် များအသင်း၊ ထားဝယ်ခရိုင် ဆန်စက်လုပ်ငန်းရှင်များအသင်းတို့နှင့် ဆန်စပါးလုပ်ငန်းအစည်းအဝေးအား ပြုလုပ်ခဲ့ပါသည်။
ထိုအစည်းအဝေးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အခြားပြည်နယ်/တိုင်းဒေသများမှ တိုင်းအတွင်း ဆန်သယ်ယူရေးကိစ္စရပ်များ ၊ ထားဝယ်ခရိုင်အတွင်းမှ ဆန်ကွဲများအား အခြားပြည်နယ်နှင့် တိုင်းများသို့ တင်ပို့နိုင်ရေးကိစ္စရပ်များ၊ MyRo တွင် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းကိစ္စရပ်များ အား ဆွေးနွေးပြောကြားခဲ့ပြီး ဆန်စပါးကုန်သည်များအသင်းနှင့် ထားဝယ်ခရိုင် ဆန်စက်လုပ်ငန်းရှင် များအသင်းတို့ကလည်း အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
