အာဆီယံနှင့်တောင်ကိုရီးယားအား ဒစ်ဂျစ်တယ်စီးပွားရေးချိတ်ဆက်မှု အရှိန်မြှင့်တင်ရန် အင်ဒိုနီးရှားသမ္မတတိုက်တွန်း

Powered by Drupal

          ကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရေးမသေချာမရေရာမှုများကြောင့် အာဆီယံနှင့် တောင်ကိုရီးယားကြား ဒစ်ဂျစ်တယ်စီးပွားရေးတွင် ပိုမိုအားကောင်းစွာပူးပေါင်းဆောင်ရွက်ရန် အင်ဒိုနီးရှားသမ္မတ Prabowo Subianto က မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပခဲ့သည့် ၂၆ ကြိမ်မြောက် အာဆီယံ-တောင်ကိုရီးယားညီလာခံတွင် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ သမ္မတက  ၎င်းတို့သည် အာဆီယံ-တောင်ကိုရီးယား ဘက်ပေါင်းစုံမဟာဗျူဟာ မိတ်ဖက်ကိုအဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်စလုံးသည် ၎င်းတို့၏စီးပွားရေးများ တံခါးဖွင့်လှစ်ထားမှုနှင့် ချိတ်ဆက်မှုတို့ကို ထိန်းသိမ်းရန် ဆက်နွယ်မှုများကို မြှင့်တင်ရန်အရေးပါကြောင်း ပြောကြားခဲ့ပါသည်။ အာဆီယံသည် ကမ္ဘာ့အားအကောင်းဆုံး ဒစ်ဂျစ်တယ်ဈေးကွက်များထဲမှတစ်ခုဖြစ်လာမည့် လမ်းကြောင်းပေါ်တွင် ရှိနေကြောင်း သိရပါသည်။၂၀၃၀ ခုနှစ်တွင် ဒေသ၏ဒစ်ဂျစ်တယ်ကုန် အရောင်းအဝယ်ပြုလုပ်မှုတန်ဖိုးစုစုပေါင်းမှာ အမေရိကန်‌ဒေါ်လာ ၁ ထရီလီယံထိရောက်ရှိနိုင်ပြီး ထိုအဟုန်ကိုရယူရန်အတွက် ဒေသဆိုင်ရာထောက်ပံ့မှုကွင်းဆက်ကို သွေးသစ်လောင်းရန်လိုအပ်ကြောင်း သိရပါသည်။ Prabowo က အတူတကွလုပ်ကိုင်ခြင်းအားဖြင့် အာဆီယံနှင့် တောင်ကိုရီး ယားတို့သည် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံကို အဆင့်မြှင့်တင်ရန်၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရန်နှင့် AI အုပ်ချုပ်မှုတိုးတက်ရန်တို့တွင် တစ်ဖက်၏အားသာချက်ကို တစ်ဖက်က ရယူဖြည့်စွက်နိုင်ကြောင်း၊ အာဆီယံဒေသနှင့်ကျယ်ပြန့်သောကမ္ဘာတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကိုင်ဆွဲထားရန် တောင်ကိုရီးယား၏ ကတိကဝတ်ပြုမှုကို အသိအမှတ်ပြုကြောင်းနှင့် အင်ဒိုနီးရှားသည် အာဆီယံ-တောင်ကိုရီးယား ပိုမိုအားကောင်းစွာပူးပေါင်းဆောင်ရွက်ရန်အတွက် အင်ဒိုနီးရှားသည်အပြည့်အဝပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)