ဘရာဇီးသမ္မတ၏အလည်အပတ်ခရီးစဉ်အတွင်း ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် ၈ ခု လက်မှတ်ရေးထိုးခဲ့သည့် ဘရာဇီးနှင့် အင်ဒိုနီးရှား

Powered by Drupal

            အင်ဒိုနီးရှားနှင့် ဘရာဇီးတို့သည် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် MoU ၈ ခုကို အောက်တိုဘာလ ၂၃ ရက်နေ့က ဂျကာတာမြို့တော်တွင် အောက်တိုဘာလ ၂၃ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားစွမ်းအင်နှင့် သတ္တုတူး‌‌ဖော်ရေးဝန်ကြီး Bahlil Lahadalia သည် စွမ်းအင်နှင့် သတ္တုတူးဖော်ခြင်းတွင် ပူး‌ပေါင်းဆောင်ရွက်ရန်အတွက် ဘရာဇီးနိုင်ငံသတ္တုတူးဖော်ရေးနှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ သတင်းစာထုတ်ပြန်ချက်တွင် ဝန်ကြီးက နှစ်နိုင်ငံစလုံးသည် ပြည့်ဖြိုးမြဲစွမ်းအင်နှင့် စွမ်းအင်သစ်ကဏ္ဍတွင် မိတ်ဖက်ဖွဲ့မည်ဖြစ်ပြီး ဘရာဇီးသည် ဇီဝအီသနောပရိုဂရမ်များ အောင်မြင်စွာအကောင်အထည်ဖော်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Lahadalia က E30 ကို ယခု အခါဘရာဇီးတွင် အသုံးပြုနေပြီဖြစ်ပြီး E100 ကိုများစွာသောပြည်နယ်များတွင် အသုံးပြုနေ ကြောင်း နှင့် ထိုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါသည်။  အခြား MoU များတွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု၊ မိလ္လာရေဆိုးစနစ်နှင့် phytosanitary စံနှုန်းများတွင် ဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှား၏ sovereign wealth fund ဖြစ်သည့် Danantara သည် အစားအစာနှင့် အသားပြုပြင်ထုတ်လုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် ဘရာဇီးကုမ္ပဏီ JBS နှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ အခြားမိတ်ဖက်ဖွဲ့မှုများတွင် အင်ဒိုနီးရှားနိုင်ငံပိုင်လျှပ်စစ်ကုမ္ပဏီ PLN နှင့် ဘရာဇီး၏ J&F S.A ၊  အင်ဒိုနီးရှားနိုင်ငံပိုင် ရေနံနှင့် ဂတ်စ်ကုမ္ပဏီ Pertamina နှင့် ဘရာဇီး၏ Fluxus နှင့် အင်ဒိုနီးရှားနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ApexBrasil တို့ကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ MoU လက်မှတ်ရေးထိုးခြင်းများအပြင် သမ္မတ ၂ ဦးအကြားအစည်းအဝေးနှင့် အစိုးရ ၂ ရပ်အကြား အပြန်အလှန်အစည်းအဝေးကျင်းပခဲ့ပြီး ပူးတွဲထုတ်ပြန်ချက်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)