အုတ်ဖိုမြို့တွင်ဘူးသွတ်ဆီဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ် တာဝန်ခံရုံးမှ စစ်ဆေးရေးအရာရှိ ဦးအေးဇော်ထိုက် ဦးဆောင်လျက် ၂၇.၁၀.၂၀၂၅ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဆီလုပ်ငန်းများအသင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် အုတ်ဖိုမြို့မဈေး အတွင်း ရောင်းချနေသော ဘူးသွတ်ဆီ အမျိုးမျိုးအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရောင်းချမှု ရှိမရှိအား ကွင်းဆင်း စစ်ဆေး ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အရ Goody (ဟင်းသီးဟင်းရွက်ဆီ)၊Mas (အဆင့်မြင့်စား အုန်းဆီ)၊LoTus (ဟင်းသီးဟင်းရွက်ဆီ)၊Fortune (နေကြာဆီ) စသောတံဆိပ်အမျိုးအစားများဖြင့် 1Litre၊ 5Liters ဘူးများဖြင့် ရောင်းချကြပြီး ကုန်းအညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)