
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ ပုသိမ်မြို့နယ် ကျင်းပပြုလုပ်သော MSMEs ကုန်စည်ပြပွဲသို့သွားရောက်ခဲ့ပါသည်။
အဆိုပါ MSMEs ပြပွဲတွင် ကျောင်းကုန်းမြို့နယ်မှ ထွက်ရှိသော ဒေသထွက်ကုန်များဖြစ်ကြသော ဆန်၊ စပါး၊ ကြက်ဥ၊ ပဲဆီ နှင့် အခြားထွက်ရှိသော ဒေသထွက်ကုန်များအား ပုသိမ်မြို့နယ်တွင် သွားရောက်ပြသခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
